ကျောင်းသားများ

??????????? ??????????????

မှော်ပညာသင်ကြားရေးကျောင်း(ဗမာ)မှ ကြိုဆိုပါသည်။

                        KAM ရဲ့ ရည်ရွယ်ချက်(၄)ချက်ရှိပါတယ်။အဲဒါကတော့

(၁) ကျောင်းသား/သူများကို သင်ကြားမည့် အပိုင်း
(၂) လေ့လာသူများအတွက် ၀ါသနာရှင်အပိုင်း
(၃) လူတိုင်းအတွက် အခက်အခဲများ ဖြေရှင်းရေးအပိုင်း
(၄) မှော်ပညာအကြောင်း ဆွေးနွေးရေးအပိုင်း

နံပါတ်(၁) အပိုင်းအတွက် စာများ ပို့စ်များသည် ကန့်သတ်ဖြစ်သည်။ သင်ကြားရေးအပိုင်း ဖြစ်သဖြင့် KAM ၀င်ခွင့်နံပါတ်ရ ကျောင်းသားကျောင်းသူများသာ လေ့လာလိုသည့် အပိုင်းများကို သင်ကြားပေးမည်ဖြစ်သည်။

နံပါတ်(၂) အပိုင်းသည် ၀ါသနာရှင်များအနေဖြင့် စမ်းသပ်ရေးသော်လည်းကောင်း ၊ မိမိဝါသနာပါရာများကို လည်းကောင်း ဖော်ပြပေးမည် အပိုင်းဖြစ်သည်။ ၀ါသနာရှင်များ စုစည်းရာ အပိုင်းဖြစ်ပါသည်။

နံပါတ်(၃) အပိုင်းသည် လူတိုင်းအတွက် အချစ်ရေး အိမ်ထောင်ရေး စီးပွားရေး လူမူရေး ကျန်းမာရေး စသည့် နေ့စဉ်လုပ်ငန်းဆောင်တာများကို မှော်ပညာ(၀ါ)သက်ဆိုင်ရာပညာရပ်ကို အသုံးပြုပြီး အခက်အခဲများကို ဖြေရှင်းပေးမည့် အပိုင်းဖြစ်သည်။ သီးသန့် တိုက်ရိုက် မေးလ်ပို့နိုင်ပြီး အခက်အခဲများအတွက် ကူညီပေးမည် ဖြစ်သည်။ အခက်အခဲတိုင်းကို ဖြေရှင်းမပေးနိုင်သေးပေမယ့် ဖြေရှင်းပေးနိုင်သမျှကို ဖြေရှင်းပေးပါ့မယ်။ သူတစ်ပါးကို ဒုက္ခပေးမဲ့ ကိစ္စကိုတော့ KAM မှ မလုပ်ဆောင်ပေးပါ။

နံပါတ်(၄) အပိုင်းသည် မှော်ပညာသည် အရမ်းကို ကျယ်ပြန့်သောကြောင့် သူ့လည်း ဆွေးနွေးဖို့ လိုအပ်လာသည့် အကြောင်းအရာများစွာလည်း ရှိနေပါချေသည်။ ဒါကြောင့်မို့ မှော်ပညာနှင့်ပတ်သက်၍ မသိမှုများကို တင်ပြရင်းနဲ့ တစ်စုံတစ်ခုသော ခေါင်းစဉ်အပေါ် ၀ိုင်းဝန်းဆွေးနွေး ညှိနှိုင်းကြမည် ဖြစ်သည်။


Master Kamawna

 

 

Master Kamawna

မကြာသေးခင်ကစာများ

No posts could be found.

မှော်ဝင်ဓာတ်ပုံများ

No photos could be found.